၀န်ကြီးဌာနသတင်းများ


နေပြည်တော် နိုဝင်ဘာ

 

 

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mrs. Anne Elisabeth Luwema အား ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့ ပါသည်။


ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် လယ်ယာစိုက်ပျိုးရေး၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးရေအရင်းအမြစ်စီမံခန့်ခွဲရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာရေးကဏ္ဍ တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နယ်သာလန်နိုင်ငံမှ တာဝန်ယူမှု၊ တာဝန်သိမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် ပိုမို လာရောက် ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။