၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ Assistant Minister ဖြစ်သူ Mr. Li Chenggang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၁၂-၆-၂၀၁၉ ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံအကြား မိတ်ဖက်ဖြစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို ထပ်မံ တိုးမြှင့်ရန် သာမက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့နှင့်ဆက်နွယ် သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ပါသည်။