ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ နေ့လည် (၁၄:၀၀) နာရီတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Ramesh Subramaniam အား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (ရုံးအမှတ်-၁) တွင် လက်ခံတွေ့ဆုံခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် (Country Operational Business Plan- COBP) အရ ဆောင် ရွက်မည့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ပါဝင်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။