၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Timur MAKSIMOV ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov လိုက်ပါလျက် ယနေ့နံနက် ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် () တွေ့ဆုံခဲ့သည်။


ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ချစ်ကြည် ရင်းနှီးမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံမှုတိုးမြှင့်ရေး၊ ပညာရေးကဏ္ဍ၊ စွမ်းအင်နှင့်စက်မှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များ ကိုလည်းကောင်း၊ နည်းပညာနှင့် အသက်မွေးဝမ်းကြောင်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင် ခရီးသွားလာရေးကဏ္ဍများတွင် ရုရှားနိုင်ငံမှတိုးချဲ့ရင်း နှီးမြှုပ်နှံနိုင်ရေး ကိစ္စရပ်များနှင့် နှစ်ဖက်အကျိုးတူပူးပေါင်းရေး ကိစ္စရပ်များအားလည်း ကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တတိယအကြိမ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပူးတွဲ ကော်မရှင် အစည်းအဝေးကျင်းရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးနိုင်ရန်နှင့် နှစ်နိုင်ငံစီပွား ရေး လုပ်ငန်းရှင်များ ချိတ်ဆက်မိစေရေး၊ ပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုတိုးတက်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများဆက်လက်အကောင်အထည်ဖော်ရေး၊ ထပ်မံတိုးချဲ့ဆောင်ရွက်နိုင်မည့် အလား အလာရှိသောစီမံကိန်းများ၊ ရုရှားကုမ္ပဏီကြီးများမှ မြန်မာနိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံမှု နိုင်ရေးနှင့် နှစ်နိုင်ငံအကြား လေကြောင်းတိုက်ရိုက်ပြန်သန်းနိုင်ရေး ကိစ္စရပ်များအား ပြော ကြားခဲ့သည်။


ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးဗရတ်ဆင်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Timur MAKSIMOV တို့က ဦးဆောင်ပြီး တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေး၏ အကြိုညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ရာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများ နှင့် စီးပွားရေးလုပ်ငန်းရှင်များက နှစ်နိုင်ငံလက်ရှိကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုအပေါ် ခြုံငုံသုံးသပ်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အလားအလားများနှင့် တတိယအကြိမ် ကော်မရှင်အစည်းအဝေးကျင်းပရေးကိစ္စရပ်များအား နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။


ရုရှားစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး အတွက် နိုင်ငံတော်စီးပွာရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ တာဝန် ရှိသူများကိုလည်း ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။