၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်းသည်Industrial Bank of Korea မှ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Kim, Do-Jin နှင့်အဖွဲ့အား ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် လက်ခံ တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ တွင်  ၎င်းတို့၏ ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်အား ဆွေးနွေးခဲ့ကြပါသည်။