၀န်ကြီးဌာနသတင်းများ


(မကွေး၊ မေ ၂၉ )
    ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာအုပ်စုရှိ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဖြစ်သော Paragon Myay Latt Thar Co.,Ltd ၏ တန်ဖိုးမြှင့်နှမ်းများဖြစ်သည့် အခွံချွတ်နှမ်း၊ နှမ်းလှော်စေ့၊ နှမ်းလှော်မှုန့်၊ သန့်စင်ပြီးနှမ်း၊ ရောင်စုံနှမ်း၊ နှမ်းလှော်ဆီမွှေး၊ တန်ဖိုးမြှင့်ပဲများ ဖြစ်သည့် သန့်စင်ပြီးပဲတီစိမ်း၊ သန့်စင်ပြီးမြေပဲထုတ်လုပ်၍ ပြည်ပသ်ို့ရာနှုန်းပြည့် တင်ပို့ခြင်း လုပ်ငန်းသို့ သွားရောက်ခဲ့ပါသည်။
    ထိုသို့ ရောက်ရှိစဉ် ကုမ္ပဏီ၏ ဒါရိုက်တာ ဉီးကောင်းခန့်ဇင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ပြည်ပသို့တန်ဖိုးမြှင့်နှမ်းတိုးမြှင့်တင်ပို့နိုင် ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်လျက်ရှိသော မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာအုပ်စုရှိ ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သော Good Brothers’ Co.,Ltd ၏ နွားသားစပ်မွေးမြူခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းသို့ ရောက်ရှိစဉ် ကုမ္ပဏီ၏ အရောင်းတာဝန်ခံ ဉီးမျိုးမြင့်ထွန်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဒေသခံတောင်သူများနှင့်နွားမွေးဖက်ပေးလုပ်ငန်းများချဲ့ထွင်ဆောင်ရွက်နိုင်ရေး၊ အခြားမြို့နယ် များသို့လည်းနွားမွေးမြူရေးတိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်ရေး တို့နှင့် စပ်လျဉ်း၍ ပြောကြားခဲ့ပြီး လိုအပ်သည်များ ဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးကာ မွေးမြူရေးခြံ အတွင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။