၀န်ကြီးဌာနသတင်းများ


(မုံရွာ ၊ ဇွန် ၁၂ )
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့ရှိ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့စေရေး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး၊ ခွင့်ပြုပြီးလုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရေး၊ နိုင်ငံသားကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေးကိစ္စများကို ဆွေးနွေးပြောကြားပါသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ/ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ နှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့်ကိစ္စများကိုလည်းကောင်း ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံကာ အခက်အခဲ များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မုံရွာစက်မှုဇုံအတွင်းရှိ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုဖြင့်ဆောင်ရွက်လျက်ရှိသော NCY International Co.,Ltd ၏ဆန်နှင့် သီးနှံကြိတ်ခွဲရေးသုံး စက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ကုမ္ပဏီ၏ တာဝန်ရှိ သူများက လုပ်ငန်း‌ဆောင်ရွက်နေမှု အခြေအနေများနှင့် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲ များကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးခဲ့ပါသည်။  
မုံရွာမြို့တွင်ရှိနေစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တိုင်းဒေသကြီးအတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်များအား သီးခြားစီတွေ့ဆုံပြီး လုပ်ငန်းရှင်များက တင်ပြသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းကူညီဆောင်ရွက်ပေးခဲ့ပါသည်။