၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ အောက်တိုဘာလ ၁၆  ရက်

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး‌သောင်းထွန်းသည် ယနေ့မွန်းလွဲပိုင်း တွင် ကျင်းပပြုလုပ်ခဲ့သည့် AustCham Myanmar က စီစဉ်ကျင်းပသည့် Election 2020: Key Issues for Business Webinar သို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုအခြေအနေ များ၊ COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့် မြန်မာ့စီးပွားရေး နာလန်ထူရေး နှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကျပ် ၄,၀၀၀ ဘီလီယံ (ကျပ် လေးထောင် ဘီလီယံ) အသုံးပြုခဲ့ကြောင်း၊ ယင်းသည် GDP ၏ ၃.၄ ရာခိုင်နှုန်းခန့်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ Webinar ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံရှိ စီးပွားရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။

            ဆွေးနွေးပွဲတွင် COVID-19 ကြောင့် စီးပွားရေးအပေါ် သက်‌ရောက်မှုများကို ကုစားခြင်းနှင့် ရေရှည် အစီအမံများ၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ၏ အခန်းကဏ္ဍ တို့ကို အဓိကထား ဆွေးနွေးခဲ့ကြပါသည်။ 
            မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေကြသည့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ၄င်းတို့ ၏ အတွေ့အကြုံများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ပံ့ပိုးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး Webinar ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ ပါသည်။