၀န်ကြီးဌာနသတင်းများ



နေပြည်တော် ဇူလိုင် ၂


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီး H.E Mr. Ronen Gilor အား ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန Virtual Meeting ဖြင့် လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် Myanmar- Israel Chamber of Commerce, Industry and Innovation (MICCI) တည်ထောင်ရေးအတွက် အတည်ပြုချက်ရရှိရေးကိစ္စ၊ နေပြည်တော်တွင် National Innovation Center ဖွင့်လှစ်ရေးအတွက် အစ္စရေးနိုင်ငံ၏ ကူညီမှုများနှင့် ပတ်သက်သောကိစ္စရပ် များ၊ ဂေဟစနစ်တီထွင်ဆန်းသစ်မှုဆိုင်ရာ မြန်မာ-အစ္စရေး ဆက်ဆံရေးနှင့် COVID-19 ကိစ္စရပ်များ ကို ဆွေးနွေးခဲ့သည်။