၀န်ကြီးဌာနသတင်းများ

နေပြည်တော် ဧပြီလ

“Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa အား ယနေ့နံနက် ၁၀၃၀ နာရီ တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်တားဆီးရေး အတွက် ပူပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများ၊ COVID-19 ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထိခိုက်မှု လျော့နည်းစေရေးအတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။