၀န်ကြီးဌာနသတင်းများ

COVID-19 ကပ်ရောဂါအလွန်ကာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင် နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များ ဖော်ဆောင်နိုင်ရန်နှင့် မြန်မာ-ဂျပန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ “Myanmar-Japan Investment Dialogue” ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။

 

အဆိုပါ ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးနှင့် Japan External Trade Organisation (JETRO)တို့က ဉီးဆောင် ကျင်းပခြင်း ဖြစ်ပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံအစိုးရအကြီးအကဲများနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း လူဉီးရေ(၈၀၀)ကျော် တက်ရောက်ကြမည်ဖြစ်သည့်အတွက် Video Conferencing စနစ်ဖြင့် ကျင်းပသည့် မြန်မာ့အကြီးဆုံးရင်းနှီးမြှုပ်နှံမှုဖိုရမ် ဖြစ်လာမည် ဖြစ်သည်။

 

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က Keynote Speech ပြောကြားခြင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက “Myanmar’s Investment Potential: Today and Tomorrow” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသွားမည့် အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ပြီး  စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင် မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း နှင့် Kawasaki Heavy Industries, Marubeni Corporation, Mitsubishi Corporation နှင့် Sumitomo Corporation တို့မှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

 

 

မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံမှုများတွင် အများဆုံးရင်းနှီးမြှုပ်နှံမှု ပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ . ဘီလီယံမှ ဘီလီယံတန်ဖိုးရှိ Liquefied Natural Gas (LNG)အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းကို တရားဝင်လုပ်ငန်းစတင် လည်ပတ်ဆောင်ရွက်ခွင့်ပြုပြီးနောက် (notice to proceed) တစ်ပတ်အကြာ၌ ယခုဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။

 

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် လက်ရှိမြန်မာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပမာဏ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းဖြစ်သည့် ၁၂၅၀ မဂ္ဂါဝပ်နှင့် ညီမျှသည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

 

မြန်မာ-ဂျပန် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသည်  မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဉီးဆောင် ကြိုးပမ်းမှုတစ်ရပ်ပင် ဖြစ်ပါသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများအနေဖြင့် အောက်ပါလိပ်စာသို့ အသေးစိတ်ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ကြောင်း သိရှိရသည်။

 

Japan External Trade Organization (JETRO)(ရန်ကုန်ရုံး)

#102-103, Prime Hill Business Square,

အမှတ်-၆၀ ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်

ဖုန်း -    +95-1-8-371787

ဖက်စ်-  +95-1-8-382710(ex.10202)