၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးဌာန ဖွဲ့စည်း တည်ထောင်ခြင်း ပထမအကြိမ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် - ၁ ဧည့်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများက စမ်းမြိုင် တောရကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသူရိယထံမှ အနုမောဒနာ တရားနာကြားပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။