၀န်ကြီးဌာနသတင်းများ

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ”၏ ညှိနှိုင်းအစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၄ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဉီးစီးဌာန ရန်ကုန်(ရုံးချုပ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း ဉီးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။



အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်း ကော်မတီ ဉက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဉီးသောင်းထွန်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးစိုးဝင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသိန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဉက္ကဋ္ဌ ဉီးကျော်ကျော်မောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဉီးစိုးမင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးတင်လတ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးဝင်းခန့်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဉီးမင်းမင်း၊ လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဉီးအောင်နိုင်ဉီးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ပါသည်။



အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဉက္ကဋ္ဌက COVID-19 ကြောင့် တိုင်းပြည်၏ စီးပွားရေး အပေါ် ဆိုးကျိုးသက်ရောက်စေနိုင်သည့် အခြေအနေများကို ကုစားရန်အတွက် ကော်မတီအား ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း အလေးအနက်ထား၍ ပြောကြားခဲ့ပါသည်။ ထို့နောက် COVID-19 ပြဿနာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအား ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်၍ တုံ့ပြန်ရန် နည်းလမ်းများကို အစည်းအဝေးတက်ရောက်လာသူများက အသေးစိတ် ဆွေးနွေးခဲ့ကြ ပါသည်။ ထို့အပြင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်း၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်း တက်ရောက်လာသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။