MIFER ဆောင်ရွက်ချက်များ



(နေပြည်တော်၊  နိုဝင်ဘာ ၁၉)

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အတွင်း ရှိ ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သိရှိပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက် အခဲများကို ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာကိစ္စရပ်များနှင့်  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) ကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။  

ပထမဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခြေအနေ အရပ်ရပ်ကြောင့် သက်ရောက်မှုများဖြစ်ပေါ်ခဲ့သော  စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဆွဲဆောင်ရေး၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းရှင်များ၏  အခက်အခဲများကို ပြေလည်အောင် ကူညီဖြေရှင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ လက်ရှိပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေးနှင့် ဥပဒေအရ အကာအကွယ်ပေးရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိရာတွင် ထုတ်ပြန်ထားပြီးဖြစ်သည့် စံပြုလုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်သွက်လက်လာရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံသူများအပေါ် ဝန်ဆောင်မှုများပေးရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေးအတွက် Online စနစ်များဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြု ဆောင်ရွက်ပေးရေး၊ ဆက်စပ်ဌာန အချင်းချင်းပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်ထိရောက်ပြီးရ လဒ်ထွက်ပေါ်စေနိုင်သည့် ဝန်ဆောင်မှုများပေးရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် ပြည်တွင်း လုပ်ငန်းများ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင် ဆောင်ရွက်ရေး၊ ပြည်တွင်းအားကို တိုးမြှင့်နိုင်အောင် ဆောင်ရွက်ရေးကိစ္စရပ်များ၊ ဌာနရှိဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ရေးအတွက် ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများအား အမြန်ဆုံးကုစားနိုင်ရေးနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီးလုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင် တစ်ရပ် တည်ဆောက်နိုင်ရန်ရည်ရွယ်ကာ မြန်မာနိုင်ငံစီးပွားရေ ပြန်လည်ဦးမော့စေရေး စီမံချက် (Myanmar Economic Recovery Plan-MERP) ကို ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများနှင့် အာဆီယံ၏ စီးပွားရေးပေါင်းစည်းမှုလုပ်ငန်းစဉ်များတွင်လည်း ဆက်လက်၍ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား လမ်းညွှန်ဆွေးနွေးခဲ့ ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က   ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ ပေါင်းစပ်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က ဝန်ကြီး ဌာနနှင့် ဦးစီးဌာနများ၏ လုပ်ငန်းလည်ပတ် ဆောင်ရွက်ထားရှိမှု  အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ နှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်မှု၊ ဒေသ၏ စီးပွားရေးဝန်းကျင် ကောင်းမွန်အောင် ဆောင်ရွက်သွားမည့်  အစီအမံများနှင့် ဝန်ကြီးဌာန နှင့် ရုံးချုပ်က ပံ့ပိုးရန် လိုအပ်ချက်များကို လည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်က ဌာန၏အုပ်ချုပ်မှုလုပ်ငန်းများ၊ အာဆီယံအပါအဝင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ‌ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဖွံ့ဖြိုးမှုအကူအညီရယူဆောင်ရွက်သည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက် ရှိသည့် အခြေအနေများကို လည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း တင်ပြ ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ကြီးဌာန၏ စံပြဝန်ထမ်း (အရာထမ်းဆု)၊ စံပြဝန်ထမ်း (အမူထမ်း ဆု) နှင့်ဌာနအသီးသီးမှ ထူးချွန်အောင်မြင်သည့် ဌာနခွဲများ အားဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ထောက်ပံ့ကြေးများပေးအပ်ခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။