MIFER ဆောင်ရွက်ချက်များ


နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၀ ရက်     
ဝန်ကြီးဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်စွာ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ရိုးရာဝတ်စုံများ၊ ရိုးရာအစားအစာနှင့် စာပေတို့ကို သိရှိနားလည်ပြီး တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးလာစေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို       ဂုဏ်ပြုသောအားဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စိန်ရတု ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာအစားအစာပွဲတော်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၁) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

တိုင်းရင်းသားရိုးရာအစားအစာပွဲတော်တွင် ဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တိုင်းရင်းသားဝန်ထမ်းများက  ပြခန်းငယ်များဖွင့်လှစ်၍ တိုင်းရင်းသားရိုးရာအထိမ်းအမှတ် ပစ္စည်းများ ခင်းကျင်းပြင်ဆင်ပြသခြင်း၊ တိုင်းရင်းသားရိုးရာ တေးသီချင်းများ၊ ရိုးရာအက များဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားရိုးရာ အစားအစာများဖြင့် တည့်ခင်းဧည့်ခံခြင်း စသည့် အစီအစဉ်များဖြင့် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပါသည်။  

ပါဝင်ဆင်နွှဲကြရာတွင် ပြခန်းအလိုက်ခင်းကျင်းပြသမှု၊ တိုင်းရင်းသားရိုးရာကို ကိုယ်စားပြုနိုင်မှု၊ အစားအစာ လတ်ဆတ်ကောင်းမွန် သန့်ရှင်းမှု၊ စုပေါင်းဆောင်ရွက် နိုင်မှုကို အခြေခံကာ “တိုင်းရင်းသား အစားအစာ အကောင်းဆုံးတည့်ခင်း ဧည့်ခံဆု” အား ချီးမြှင့်ခဲ့ပြီး အဆိုပါပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် တိုင်းဒေသကြီး/  ပြည်နယ်များမှ  ဝန်ထမ်းများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။