၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်   
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့်(၂၂) ကြိမ် မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) အဆင့်မြင့် စီးပွားရေး အရာရှိများ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊     အမြဲတမ်းအတွင်းဝန်၊ စီအယ်လ်အမ်ဗွီအဆင့်မြင့်စီးပွားရေးအရာရှိ ဒေါက်တာဝါဝါမောင် ပါဝင် တက်ရောက်သည်။
အဆိုပါ အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ အာရှ-အာဖရိကစျေးကွက်ရှာဖွေရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nguyen Phuc Nam က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်၍ ကမ္ဘောဒီးယား၊ လာအို ၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့မှ အဆင့်မြင့်စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊အာဆီယံအတွင်းရေးမှူးချုပ်ရုံး မှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေးအရာရှိများက စီအယ်လ်အမ်ဗွီစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အောက်မှ စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၂ အကောင်အထည် ဖော်မှု၊ ဂျာမနီနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆောင်ရွက်မှု၊  စီအယ်လ်အမ်ဗွီဖွံ့ဖြိုးတိုးတက်မှုမူဘောင်ကို အကောင်အထည်ဖော် မည့် လုပ်ငန်းအစီအစဉ် ရေးဆွဲဆောင်ရွက်မှု၊ အာဆီယံကနဦးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ်-၃နှင့် ၄ ၏ လုပ်ငန်းများအကောင်အထည်မှုနှင့် စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၏ ရှေ့လုပ်ငန်းများ ကို  ဆွေးနွေးခဲ့ကြသည်။
အဆင့်မြင့်စီးပွားရေးအရာရှိများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း စီအယ်လ်အမ်ဗွီလုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၂ အောက်တွင် ကုန်စည်ပြပွဲများ၊ သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းသစ်များရှာဖွေရေး၊ ရန်ပုံငွေနှင့်နည်းပညာအထောက်အပံ့ရှာဖွေနိုင်ရေးအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကိုလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီး ဌာနက တာဝန်ရှိသူများ တက်ရောက်ကြသည်။