၀န်ကြီးဌာနသတင်းများ

၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၂ ရက်နေ့ မြန်မာစံတော်ချိန်   ၀၉ : ၃၀ နာရီမှ ၁၅ : ၅၀ နာရီ အထိ ကျင်းပသည့် ဒုတိယအကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသန ဌာန(အီးအာရ်အိုင်အေ) အုပ်ချုပ်မှုဘုတ်အဖွဲ့အထူးအစည်းအဝေးနှင့် အီးအာရ်အိုင်အေနှင့် အရှေ့ အာရှနိုင်ငံများ၊ ဆွေးနွေဖက်နိုင်ငံများဆိုင်ရာ သံအမတ်များအစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် သည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) မှ ပါဝင် တက်ရောက်ခဲ့ပါသည်။

ဒုတိယအကြိမ်မြောက် အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနဌာန (အီးအာရ် အိုင်အေ) အုပ်ချုပ်မှုဘုတ်အဖွဲ့အထူးအစည်းအဝေးသို့  အီးအာရ်အိုင်အေအုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင် များ၊ အီးအာရ်အိုင်အေ အကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံ၊ Ateneo de Manila University ၏ စီးပွားရေး ပညာပါမောက္ခDr. Cielito F. Habito  က  အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါ သည်။

အစည်းအဝေးတွင် အစည်းအဝေးသဘာပတိ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဂျပန် နိုင်ငံ၊ စီးပွားရေးကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ အထူးအကြံပေးပုဂ္ဂိုလ်တို့က အမှာစကား များ ပြောကြားခဲ့ကြပြီး သဘာပတိက အီးအာရ်အိုင်အေ၏ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်အသစ်များ ဖြစ်ကြသည့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အဖွဲ့ ဝင်များအား ကြိုဆိုမိတ်ဆက်ခဲ့ပါသည်။

 ထို့နောက် အီးအာရ်အိုင်အေ၏ Chief Operating Officer ဖြစ်သူ Mr. KoJi Hachiyama ၊ Chief Economist ဖြစ်သူ Prof Fukunari Kimura နှင့်  စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ Senior Policy Fellow ဖြစ်သူ Prof Jun Arima  တို့က (၁၇) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးနှင့် ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပသည့် G20 အစည်း အဝေးများတွင် အီးအာရ်အိုင်အေ၏ ပါဝင်ဆောင်ရွက်ချက်များ၊ အီးအာရ်အိုင်အေမှ ဆောင်ရွက် ခဲ့သည့် သုတေသနလုပ်ငန်းများ၏ အဓိကရလဒ်များနှင့် စွမ်းအင်နှင့် ပတ်ဝန်းကျင် ကဏ္ဍအတွက် ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ အစည်းအဝေးက အဆိုပါ တင်ပြချက်များအပေါ် ဆွေးနွေးလမ်းညွှန်မှုပြုခဲ့ပါသည်။

နေ့လည်ပိုင်းတွင်းကျင်းပခဲ့သည့် အီးအာရ်အိုင်အေနှင့် အရှေ့အာရှနိုင်ငံများ၊ ဆွေးနွေဖက် နိုင်ငံများဆိုင်ရာသံအမတ်များ  အစည်းအဝေးသို့ အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များ၊ အရှေ့အာရှနိုင်ငံများနှင့် ဆွေးနွေဖက်နိုင်ငံများဆိုင်ရာသံအမတ်များ၊ အီးအာရ်အိုင်အေ အကြံပေး ကောင်စီအဖွဲ့ဝင်များ၊  အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။ 

အဆိုပါ အစည်းအဝေးတွင် အီးအာရ်အိုင်အေ၏ ဥက္ကဋ္ဌနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့က အမှာစကားများ ပြောကြားခဲ့ကြပြီး အီးအာရ်အိုင်အေ၏ Senior Economic Advisor ဖြစ်သူ Dr Aladdin D Rillo နှင့် Chief Operation Officer ဖြစ်သူ Mr Koji Hachiyama တို့က အီးအာရ်အိုင်အေ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အစည်းအဝေးများတွင် အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များနှင့် အရှေ့အာရှ နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများဆိုင်ရာသံအမတ်များက အီးအာရ်အိုင်အေမှ ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်ပေး စေလိုသည့် သုတေသနလုပ်ငန်းများကို အဆိုပြုခဲ့ကြပြီး အီးအာရ်အိုင်အေ၏ အနာဂတ် လုပ်ငန်းစဉ်များအပေါ်  ဆွေးနွေးအကြံပြုခဲ့ကြပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်က အီးအာရ်အိုင်အေမှ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်စပ်လျဉ်းသည့် သုတေသန လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဒေသတွင်းတွင် စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များ ဆောင်ရွက် ပေးမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊  ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းစေသည့် ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်ရေးနှင့် စပ်လျဉ်းသည့် ပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍအား အကောင်အထည်ဖော်ရာတွင် ဖွံ့ဖြိုးမှုတိုးတက်မှု နည်းပါးသောနိုင်ငံများအတွက် ငွေကြေး၊ နည်းပညာနှင့် စွမ်းဆောင်ရည် မြှင့်တင်မှု အကူအညီများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အီးအာရ်အိုင်အေ၏လုပ်ငန်းဆောင်ရွက်ချက်များကို အပြည့်အဝထောက်ခံပူးပေါင်းပါဝင် သွားမည်ဖြစ်ပါကြောင်းနှင့် မြန်မာနိုင်ငံအတွက် သုတေသနလုပ်ငန်းများနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အစီအစဉ်များ ဆက်လက် ဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ERIA’s Centre for Digital Innovation and Sustainable Economy အစည်းအဝေးသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့သည်။