၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)အမှတ်စဉ် (၃၇) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင်  မိမိတို့ဝန်ကြီးဌာန၏ အသိပညာမျှဝေဆွေးနွေးခြင်းအစီအစဉ်သည် အသိပညာရပ်တစ်ခုကို တစ်ဦး တစ်ယောက်တည်းက သိနေရုံသာမဟုတ်ဘဲ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအားလုံးပါ သိရှိ လေ့လာနိုင်ပြီး ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ Resource Person များက KSP တို့မှ တစ်ဆင့် အပတ်စဉ် မျှဝေပေးနေခြင်းဖြစ်ကြောင်း၊ ယနေ့ KSP အစီအစဉ်တွင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနှင့် ထိုင်းနိုင်ငံ စသည့် CLMVT ၅ နိုင်ငံတို့ရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises- SMEs) ဖွံ့ဖြိုးရေးအတွက် အီလက် ထရောနစ်ကူးသန်းရောင်းဝယ်ရေးစနစ် (E- Commerce) ဆိုင်ရာ မူဝါဒများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး မဟာဗျူဟာများ ရေးဆွဲနိုင်ရေးအတွက် လေ့လာခဲ့မှုများကို မျှဝေ ဆွေးနွေးမည်ဖြစ်သဖြင့် ဝန်ထမ်းများအနေဖြင့် သိရှိနားလည်ထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ သည် ၂၁ ရာစု၏ Digital Age သို့ရောက်ရှိနေသဖြင့် အဓိကလိုအပ်ချက်သည် သတင်းအချက် အလက်နှင့်နည်းပညာ (Information and Technology-IT) ပင်ဖြစ်ကြောင်း၊  ယနေ့ကမ္ဘာပေါ် တွင်  E-Commerce ကို  ပုံစံအမျိုးမျိုးဖြင့်  အသုံးပြုလာကြသည် သာမက ငွေပေးချေရာတွင် Digital Payment စနစ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည်ကို တွေ့ရှိရပါကြောင်း၊  အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro Small and Medium and Enterprise- MSMEs ) တိုးတက်ကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP တိုးတက် လာပြီး စီးပွားရေးအရှိန်အဟုန် တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဆွေးနွေးတင်ပြသူ အနေဖြင့် CLMVT နိုင်ငံများဖြစ် သည့် ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ တို့သည် အခြေခံအဆောက်အအုံ၊ အင်တာနက်နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် တိုးတက်နေ ပြီဖြစ်သည့်အတွက် ယင်းနိုင်ငံများ၏  SMEs လုပ်ငန်းများအခြေအနေနှင့် E- Commerce ဆက်သွယ်ချိတ်ဆက်မှုကို ဝန်ထမ်းများအနေဖြင့် သိရှိနားလည်ထားရန်နှင့် မိမိနိုင်ငံအတွက် ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး လိုအပ်ချက်များကိုပါ ထည့်သွင်းဆွေးနွေး ပေးရန်နှင့် တက်ရောက် လာကြသူများအနေဖြင့်လည်း စိတ်ပါဝင်စားစွာ ဝိုင်းဝန်းဆွေးနွေးသွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

        ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာအောင် က “CLMVT နိုင်ငံများရှိ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် E-commerce ဆိုင်ရာမူဝါဒဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး မဟာဗျူဟာများရေးဆွဲနိုင်ရေး သင်တန်းသို့တက်ရောက်ခဲ့မှုအပေါ် အသိပညာမျှဝေဆွေးနွေးခြင်းခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါ သည်။ ထို့နောက် တက်ရောက်လာကြသူများက အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှု များ (Non- Tariff  Measures) နှင့်စပ်လျဉ်း၍ လည်းကောင်း၊ MSME နှင့် E-commerce ချိတ်ဆက်မှုတွင် MSME များ၏ ထုတ်ကုန်ကို နိုင်ငံတကာ အရည်အသွေးအဆင့်မီ ထုတ်လုပ် ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတွင် Online Platform အသုံးပြုနေမှုနှင့် စပ်လျဉ်း၍ လည်းကောင်း ဖြည့်စွက်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီး ဌာနမှ  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်းဝန်ထမ်း အင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။