၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ လုပ်ငန်းစဉ် များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် မူဝါဒ၊ ရည်ရွယ်ချက်နှင့် မျှော်မှန်း ချက်များအား စနစ်တကျအကောင်အထည်ဖော် ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ (၃/၂၀၂၃) ကြိမ်မြောက် ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။  

          ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တင်ပြခဲ့ပါသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်စွက်ဆွေးနွေးပေးခဲ့ပါသည်။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် (၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ဆုများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ထူးချွန်စံပြဝန်ထမ်း (အရာထမ်း)ဆု၊ ထူးချွန်စံပြဝန်ထမ်း(အမှုထမ်း)ဆု၊ဝန်ထမ်းအချင်းချင်းအသိအမှတ်ပြုရွေးချယ်သည့် အကောင်းဆုံး ဝန်ထမ်းဆုများ၊ ဌာနအလိုက် စံပြဌာနခွဲဆု၊ ဌာနအလိုက် စည်းကမ်းအကောင်းဆုံးဌာနခွဲဆု၊ သန့်ရှင်းသပ်ရပ်မှု အကောင်းဆုံး ဌာနခွဲဆု၊ ဌာနအလိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်မှုအကောင်းဆုံးဌာနခွဲဆုနှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှုးရုံးများ၏ စွမ်းဆောင်ရည် အကောင်းဆုံး ရုံးခွဲဆု၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆု ရရှိခဲ့သည့် ဝန်ထမ်းများကို ဆုများ အသီးသီး ချီးမြှင့်ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ဦးစီးဌာနများ မှ ညွှန်ကြားရေးမှူးချုပ်များဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များတိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနရှိ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

***************************