၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၄/၂၀၂၃) သင်တန်းဆင်းပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်း များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍမှပါဝင်ပါ ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ ကိုယ်ရည် ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စွမ်းဆောင်ရည် ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ် ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများကို ဖွင့်လှစ် ပေးနေခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ဝန်ကြီးဌာနရှိ ဦးစီးအရာရှိနှင့်အောက် အရာထမ်း၊ အမှုထမ်း များကို သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စားပြု ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်း/ ပြည်ပကုမ္ပဏီများကို ကြီးကြပ် ကွပ်ကဲခြင်းများနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ရသည့်အတွက် ဝန်ထမ်းများအနေဖြင့်  မိမိတို့ ၏ လုပ်ကိုင်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လုပ်ငန်းတာဝန်များကို စည်းကမ်းတကျ စီမံခန့်ခွဲ၍ အကောင်းဆုံးဖြစ်စေရေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှ သင်ကြား ပို့ချပေးခဲ့သည့် အသိပညာဗဟုသုတများကို ဆက်လက် တိုးပွားအောင် စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသွားကြရန်နှင့် လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပေါင်းစပ် အသုံးပြုသွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များကို တက်ညီလက်ညီ စနစ်တကျ လုပ်ကိုင် ဆောင်ရွက် ခြင်းသည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားကို လျင်မြန်သွက်လက်စေသည့်အပြင် စည်းကမ်းပြည့်ဝ သော နိုင်ငံတော် တည်ဆောက်ရေးအတွက် ကြီးမားသော အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊  သို့ဖြစ်၍ ဝန်ထမ်းများသည် ဝန်ထမ်းကျင့်ဝတ်၊ ဝန်ထမ်းစည်းကမ်းနှင့်အညီ စွမ်းဆောင်ရည် ပြည့်ဝစွာ ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာ အခန်းကဏ္ဍမှ နိုင်ငံ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသည့် သင်တန်းသားများနှင့် Group Presentation အကောင်းဆုံးရရှိသည့် သင်တန်းသားများ အား ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဉီးက သင်တန်းမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ် ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ဝန်ကြီးဌာနမှ ဘာသာရပ်ကျွမ်းကျင်သူများနှင့် အခြားသော ဝန်ကြီးဌာန များမှ နည်းပြများဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် စီမံခန့်ခွဲမှု သဘောတရားများ (Management) ကောင်းမွန်သော စီမံအုပ်ချုပ်မှု (Good Governance)၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ (Myanmar Investment Law) ၊၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဉပဒေ (Myanmar Companies Law)၊ လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် သီအိုရီများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာဥပဒေရေးရာ၊ သံတမန်ရေးရာအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာ ရေး စီမံခန့်ခွဲမှု၊ စာရင်းစစ်ဆေးခြင်းနှင့် အစစ်ဆေးခံရန် ပြင်ဆင်ခြင်းများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ ၊ ရုံးလုပ်ငန်းလက်စွဲ စသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ လူကိုယ်တိုင်နှင့် Online မှ တက်ရောက်သူ စုစုပေါင်း ၃၈ ဦး တက်ရောက်ခဲ့ပါသည်။ 

သင်တန်းဆင်းပွဲ အခမ်းအနားသို့ အဆင့်မြင့်အရာရှိများ၊ သင်တန်းသားများ Online အပါအဝင် စုစုပေါင်းအင်အား  ၁၀၀ ကျော် တက်ရောက်ကြပါသည်။ ဝန်ကြီးဌာနတွင်း ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၄/၂၀၂၃) အထိ  အရာထမ်း/ အမှုထမ်းပေါင်း ၁၉၅ ဦး  သင်တန်း ပို့ချပြီးဖြစ်ကြောင်း နှင့်သင်တန်းအမှတ်စဉ် (/ ၂၀၂၃) ကို ၂၀၂၄ ခုနှစ်တွင် ဆက်လက်ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။