၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၂) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အသိပညာမျှဝေဆွေးနွေးမည့် “ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဆန်းစစ်လေ့လာခြင်း” ခေါင်းစဉ်သည် ရင်းနှီးမြှုပ်နှံမှုူမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုူလုပ်ငန်းများ လွယ်ကူမြန်ဆန်စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် မိမိတို့ ဝန်ကြီးဌာနနှင့် သက်ဆိုင်မှုရှိသောအကြောင်းအရာပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိတိုင်း ဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအနက် ဧရာဝတီတိုင်းဒေသကြီးသည် လူဦးရေထူထပ်ပြီး စိုက်ပျိုး မြေများစွာရှိခြင်း၊  လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပို့ကုန်များစွာ ထွက်ရှိ သည့်ဒေသဖြစ်ခြင်းနှင့် အပန်းဖြေသွားလာလည်ပတ်နိုင်သည့် ကမ်းခြေများရှိခြင်းကြောင့် ခရီးသွား လုပ်ငန်းနှင့် ဘက်စုံရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလုပ်ကိုင်နိုင်သဖြင့် နိုင်ငံ့စီးပွား တိုးတက်မှု အတွက် အရေးပါသောဒေသကြီးဖြစ်ပါကြောင်း၊ ထိုသို့ ဧရာဝတီတိုင်းဒေသကြီး၏ လမ်းပန်း ဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာခြင်း၊ သဘာဝအရင်းအမြစ်များစွာရှိခြင်း၊ လူဦးရေထူထပ် များပြားခြင်းနှင့် မြေဩဇာကောင်းမွန်သော မြစ်ဝကျွန်းပေါ်ဒေသဖြစ်ခြင်းတို့သည် ရင်းနှီးမြှုပ်နှံမှု အတွက် အားထားရသည့်အချက်များဖြစ်သဖြင့် ယနေ့ဆွေးနွေးတင်ပြမည့် ခေါင်းစဉ်ပါ အကြောင်း အရာများကို တက်ရောက်လာကြသူများမှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆွေးနွေးသွားကြစေလို ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်ပိုင်က “ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဆန်းစစ်လေ့လာခြင်းခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက် လာကြသူများမှ ဧရာဝတီတိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံ၊ ခရီးသွား လုပ်ငန်းများ၊ ဒေသထုတ်ကုန်အမှတ်တံဆိပ်နှင့် တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ အခြေအနေတို့နှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြပါသည်။  

    အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူး ရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။