၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် ဒုတိယဦးစီးမှူးနှင့် ဒုတိယလက်ထောက်ဦးစီးမှူးများအတွက် လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်တင်မှုသင်တန်း ဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ညနေပိုင်း တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁)၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲ တမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဉီးစီးဌာန ၂ ခုတို့ဖြင့် ဖွဲ့စည်းထား ပြီး ယင်းဉီးစီးဌာန ၂ ခုစလုံးသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေရ သည့် ဌာနများဖြစ်ကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် မိမိတို့ဝန်ကြီးဌာန ဆောင်ပုဒ်ကို သိရှိရန် လိုအပ်ကြောင်း ပြောကြားသည်။

နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနသည် ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ ကုလသမဂ္ဂအဖွဲ့ စည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း၊  ပြည်ပနိုင်ငံများနှင့် ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆက်သွယ်ပေးသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်နှင့် ဘာသာစကား ၂ ခုစလုံးတွင် စွမ်းရည်ပြည့်ဝရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်တင်မှုသင်တန်း ၃ ကြိမ် ပို့ချပေးခဲ့ ပြီးဖြစ်ကြောင်း၊ ဝန်ထမ်းသစ်များ၏ ဌာနဆိုင်ရာ အသိပညာဗဟုသုတရရှိရန်နှင့် လုပ်ငန်းခွင်တွင်း လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ပို့ချခြင်းဖြစ် ကြောင်း၊ သင်တန်းမှရရှိမည့် အသိပညာဗဟုသုတများကို ဆက်လက်တိုးပွားအောင် လုပ်ငန်းခွင် နှင့်ပေါင်းစပ်၍ အကျိုးရှိရှိအသုံးပြုနိုင်အောင် ကြိုးစားကြစေလိုကြောင်းနှင့် စဉ်ဆက်မပြတ် လေ့လာဆည်းပူးစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့တာဝန်ထမ်းဆောင် သည့် ဝန်ကြီးဌာနအပေါ် သစ္စာရှိရန်နှင့် ပေးအပ်လာသောတာဝန်များကို ကျေပွန်စွာထမ်းဆောင် သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

           အဆိုပါသင်တန်းတွင် ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဉပဒေ များ၊ ဌာနဖွဲ့စည်းပုံ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဉပဒေရေးရာကိစ္စရပ်များ၊ ဖွံ့ဖြိုးမှုစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ စောင့် ကြည့်စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်း၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအပေါင်းတစ် လွတ်လပ်သော ကုန်သွယ်မှုဒေသများ၊ အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု၊ အာဆီယံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူများက ပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် သင်တန်းသားများ စုစုပေါင်း ၇၀ ကျော် တက် ရောက်ကြောင်းသိရှိရသည်။