၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ စက်တင်ဘာလ ၁၁


အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB) ၏ မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion – GMS) အစီအစဉ်အရ တတိယအကြိမ် ဂျီအမ်အက်စ် အဆင့်မြင့် အရာရှိ များ အစည်းအဝေး (3rd Senior Official Meeting- SOM) ကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၀၈: ၃၀ နာရီတွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့သည်။


အစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံ၊  Ministry of Economy and Finance မှ Secretary of State ၊ H.E. Mr. Ros Seilava က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံ၊ Ministry of Finance မှ Mr. Liu Weihua က တွဲဘက် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Alfredo Perdiguero က moderator အဖြစ် ဆောင်ရွက်ပါသည်။


အစည်းအဝေး၌ GMS မဟာဗျူဟာ ၂၀၃၀ (GMS Strategy 2030) ၏ စတုတ္ထမူကြမ်း၊ GMS ၏ COVID-19 တုန့်ပြန်ရေးအစီအစဉ်၊ ADB ၏ GMS အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် တောင်-မြောက် စီးပွားရေးစင်္ကြံလမ်းကြောင်းခွဲ (၅) ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကနဦးလေ့လာ တွေ့ရှိချက်၊ လုပ်သားရွေ့ပြောင်းမှုနှင့် လုံခြုံစိတ်ချစွာသွားလာနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက် ချက်များ၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု မူဘောင် (၂၀၂၂) ၏ တတိယအကြိမ် တိုးတက်မှု အစီရင်ခံ စာတို့အပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ကျင်းပရန်စီစဉ်ထားသည့် ဖွံ့ဖြိုးမှုမိတ်ဖက်များ အစည်း အဝေး (Development Partners Meeting – DPM) ၊ ၁၁ ကြိမ်မြောက် စီးပွားရေးစင်္ကြံများဖိုရမ် (11th Economic Corridor Forum – ECF 11) ၊ ၂၄ ကြိမ်မြောက် ဝန်ကြီးများအစည်းအဝေး (24th Ministerial Conference – 24 MC ) ၊ ၇ ကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်း အဝေး (7th Leaders’ Summit) တို့၏ အစီအစဉ်များနှင့်စပ်လျဉ်း၍ ဦးဆောင်ကျင်းပမည့် ကမ္ဘောဒီးယား၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပြင်ဆင်ထားမှုများအပေါ် အဖွဲ့ဝင်နိုင်ငံများမှ အကြံပြုဆွေးနွေးခဲ့ကြပါသည်။


အဆိုပါ အစည်းအဝေးသို့ GMS အဖွဲ့ဝင် နိုင်ငံ (၆) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိများနှင့် အာရှဖွံဖြိုးရေးဘဏ်မှ တာဝန်ရှိ သူများ စုစုပေါင်း ၇၃ ဦး တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ GMS ဆိုင်ရာ နိုင်ငံ ညှိနှိုင်းရေးမှူးဖြစ်သူ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များမှ Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြ ပါသည်။