၀န်ကြီးဌာနသတင်းများ

နေပြည်တော် အောက်တိုဘာလ ၂၀

အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank- ADB) ၏ မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion– GMS) အစီအစဉ်အရ ဖွံ့ဖြိုးမှုမိတ်ဖက်များ အစည်းအဝေး (Development Partners Meeting-DPM) ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁: ၀၀ နာရီ တွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေး၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Ministry of Finance မှ Director General Mr. Wang Zhongjing က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်မှ Southeast Asia Department မှ Director General Mr. Ramesh Subramaniam က တွဲဘက်သဘာပတိအဖြစ် ဆောင်ရွက်ပါသည်။

အစည်းအဝေး၌ GMS ၏ COVID-19 တုန့်ပြန်ရေးအစီအစဉ်၊ GMS မဟာဗျူဟာ ၂၀၃၀ (GMS Strategy 2030) ၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှု မူဘောင် (၂၀၂၂) (Regional Investment Framework – RIF) နှင့် စပ်လျဉ်း၍ တိုးတက်မှုများ နှင့်  COVID-19 နှင့် GMS Strategy 2030 တို့တွင် ဖွံ့ဖြိုးမှုမိတ်ဖက်များ အခန်းကဏ္ဍတို့အပေါ် GMS ၏ အတွင်းရေးမှူးရုံး ဖြစ်သည့် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) မှ တင်ပြခဲ့ပြီး ကမ္ဘာ့ဘဏ်၊ ဥရောပသမဂ္ဂ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်၊ မဲခေါင်သိပ္ပံ၊ အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှု ရန်ပုံငွေအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများအဖွဲ့ချုပ် စသည် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်း (၂၀) ကျော်တို့မှ ၎င်းတို့ GMS ဒေသတွင်း COVID -19 အတွက် ပံ့ပိုး ကူညီပေးခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ GMS အဖွဲ့ဝင် နိုင်ငံ (၆) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ နှင့် အာရှဖွံဖြိုးရေးဘဏ်မှ တာဝန်ရှိ သူများ စုစုပေါင်း ၇၀ ကျော် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ GMS ဆိုင်ရာ နိုင်ငံ ညှိနှိုင်းရေးမှူးဖြစ်သူ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က Video Conference စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။