၀န်ကြီးဌာနသတင်းများ

၂၀၁၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပမည့် သက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ (LIFT Fund) ဆွေးနွေးပွဲ ၂၀၁၉ ဖွင့်ပွဲအခမ်း အနားကို ယနေ့ ညနေ ၀၆:၀၀ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့  သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ LIFT Fund ၏အလှူရှင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ တက်ရောက်သည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီး H.E. Andrea Faulkner တို့ကအဖွင့်အမှာစကားပြောကြားသည်။

LIFT Fund သည် Multi-Donor Trust Fund တစ်ခုဖြစ်ပြီး ၎င်း၏ဌာနခွဲကို မြန်မာနိုင်ငံ၌ ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၀ ခုနှစ်မှစ၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စိုက်ပျိုးရေးကဏ္ဍ၊ သက်မွေးမှုကဏ္ဍ၊ အသေးစား ချေးငွေကဏ္ဍ၊ အာဟာရပြည့်ဝရေးကဏ္ဍနှင့် ရွှေ့ပြောင်းသွားလာနေထိုင်မှုကဏ္ဍများတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၉ သန်းဖြင့် ကျေးလက်နေပြည်သူများ အထူးသဖြင့် လုပ်ကွက်ငယ် တောင်သူများနှင့် ဆင်းရဲနွမ်းပါးသည့် လူထုအတွက်လူနေမှု ဘဝတိုးတက်မြင့်မားရေးကို အဓိက ဦးတည်ပံ့ပိုးပေးလျက်ရှိကြောင်း သတင်းရရှိသည်။