၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ် စီးပွားရေး နှီးနှောဖလှယ်ပွဲဖိုရမ်သို့ တက်ရောက် ခဲ့ပါသည်။

ဖိုရမ်အား ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပပြုလုပ် ခဲ့ပါသည်။ ဖိုရမ်ကျင်းပခြင်းဖြင့် ကချင်တိုင်းရင်းသားလုပ်ငန်းရှင် အများအပြားပေါ်ပေါက် လာစေရန်၊ ဒေသတွင်း စီးပွားရေးလုပ်ငန်း အမြောက်အမြားပေါ်ပေါက်လာစေရန်နှင့် ပြည်တွင်း ပြည်ပရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်မှု အားကောင်းလာစေရန် ရည်ရွယ်၍ ပြုလုပ် ခြင်းဖြစ်ပါသည်။

အဆိုပါ ဖိုရမ်၏ နံနက်ပိုင်း အစီအစဉ်တွင် အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးသည် “စီးပွားရေးလုပ်ငန်းများအတွက် ကချင်ပြည်နယ်အဆင်သင့်ရှိရေး” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။ ဖိုရမ်သို့ စုစုပေါင်း လူဦးရေ (၈၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။

ထို့နောက် ‌အမြဲတမ်းအတွင်းဝန်ဦးအောင်နိုင်ဦးသည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ ဧရာဝတီမြစ်ကူးတံတားအသစ်တည်ဆောက်မည့်နေရာ၊ နန့်မြစ်ခတံတား ဆောက်လုပ်ပြီးစီးမှု အခြေအနေ၊ ဝိုင်းမော်မြို့နယ် ဖွံ့ဖြိုးခြံ(မိုင်းနား) တိုက်ပွဲရှောင်စခန်း၊ မြစ်ကြီးနားစီးပွားရေးဇုန် တည်ဆောက်မည့်နေရာ၊ ဂျော်ဘွမ်ဆုတောင်းတောင်နှင့် မြစ်ကြီးနား မြို့အတွင်းရှိ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုသည့် ခရီးစဉ် တွင်လိုက်ပါကြည့်ရှုခဲ့ပါသည်။