၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည်  ဂျပန်နိုင်ငံ၊ အထက်လွှတ်တော်အမတ်နှင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှ Komeito ပါတီ၏ Chief Representative ဖြစ်သူ Mr. Yamaguchi Natsuo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ် တို့သည် မြန်မာ-ဂျပန် ပူးပေါင်းတည်ထောင်ထားသော  သီလဝါအထူးစီးပွားရေးဇုန်၏ တိုးတက် အောင်မြင်မှုများအပေါ် ဝမ်းမြောက်ကြပါကြောင်းနှင့် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ ပိုမိုတိုးတက်စေရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့အတူ မြန်မာ-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားရေး၊ မြန်မာပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဂျပန်နိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှုအကူအညီများ ဆက်လက် ပံပိုးကူညီ သွားရေး၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ ဆက်လက်အကူအညီ ပေးအပ်သွားရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံပွဲသို့ Mr. Yamaguchi Natsuo နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။