နေပြည်တော်၊ မေ ၅ တစ်နိုင်ငံလုံးရှိ ဆေးရုံများ၊ ကျန်းမာရေးဌာနများ၌ Conronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာ၌ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ နိုင်ငံတကာ အကူအညီအထောက်အပံ့များအား မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် လိုအပ်သည့် ဆေး နှင့် ဆေးပစ္စည်းများအား ပစ္စည်းအမျိုးအစား၊ စျေးနှုန်းမှန်ကန်စွာဖြင့် အချိန်နှင့် တစ်ပြေးညီ ရရှိစေရေးတို့အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်း ဝယ်ယူရေးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို မေလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ကော်မတီအတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဒေါက်တာ မြလေးစိန် နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်တို့က ရုံးအမှတ် (၁) နေပြည်တော်မှ လည်းကောင်း၊ ကျန်အဖွဲ့ဝင်များဖြစ်သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးတို့က Video Conference ဖြင့် လည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးကြပါသည်။ အစည်းအဝေးတွင် COVID-19 အတွက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအစဉ်များ၊ လိုအပ်သည့် Sub-Committee ဖွဲ့စည်းတာဝန်ပေးအပ်ရေးကိစ္စများ၊ (၃) လပတ် နှင့် (၁) နှစ် ကာလအလိုက် လိုအပ် သည့် ဆေးနှင့်ဆေးကိရိယာများ ဝယ်ယူရေးအတွက် Master Plan ရေးဆွဲနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးကြပါသည်။
ဆက်စပ်သတင်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒ...
Post on 17 June 2025

ဒုတိယအကြိမ် အာဆီယံပထဝီစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုန...
Post on 13 June 2025

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်က...
Post on 10 June 2025

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစ...
Post on 10 June 2025