၀န်ကြီးဌာနသတင်းများ

နေပြည်တော် မေလ ၁၅

​ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ြသစတြေးလျသံအမတ်ကြီး Ms. Andrea Faulkner ၊ ြသစတြေးလျနိုင်ငံ Fortescue Metals Group ၏ Deputy CEO Ms. Julie Shuttleworth တို့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ၌ Video Conference စနစ်ဖြင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ပေးသည့် စက်ရုံတည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမို ဖန်တီးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

Fortescue Metals Group သည် ြသစ တြေးလျနိုင်ငံအခြေစိုက် ကမ္ဘာ့အဆင့် ၄ ရှိသည့် သံသတ္တုရိုင်း ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပြီး သတ္တုတူးဖော်သည့် လုပ်ငန်းများနှင့် ကမ္ဘာ့ အဆင့်မီ အခြေခံအဆောက်အဉီတည်ဆောက်သည့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိသည်။

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း နှင့် ဩစတြေးလျသံရုံး မှ Senior Trade and Investment Commissioner ဖြစ်သူ Mr. Jeff Turner တို့ ပါဝင်တက်ရောက် ခဲ့ကြသည်။