၀န်ကြီးဌာနသတင်းများ

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၄ ရက်


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ကနေဒါနိုင်ငံ၊ Deputy Minister of International Trade of Global Affairs H.E John Hannaford တို့သည် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၄ ရက်နေ့နံနက်ပိုင်းက Audio Call ဖြင့် ဆွေးနွေး ခဲ့ကြပါသည်။

ထိုသို့ဆွေးနွေးရာ၌ အနာဂတ်တွင် အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ်ချုပ်ဆိုရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အဓိကထား အပြန်အလှန် ဆွေးနွေးခဲ့ကြ ပါသည်။