၀န်ကြီးဌာနသတင်းများ

နေပြည်တော်ဖေဖော်ဝါရီ   


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းသည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံ ဆိုင်ရာ ကုန်သွယ်ရေးကိုယ်စားလှယ် Mr. Paul Scully MP ကို ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီ တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။


တွေ့ဆုံစဉ်နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှု့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပါသည်။


အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ပါသည်။