၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် အမေရိကန်ပြည်ထောင်စု၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး Mr. David Stilwell အား ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် ဝန်ကြီး Mr. David Stilwell နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr.Scot Marciel တက်ရောက်ခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စများနှင့် မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။