၀န်ကြီးဌာနသတင်းများ



နေပြည်တော်၊ ဇန်နဝါရီ ၁၉

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် ဂျပန် - မြန်မာအသင်း ဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအို အား ယပိုင်းတွင် နေပြည်တော်၌ လက်ခံ တွေ့ဆုံသည်။ မစ္စတာဝါတာနာဘေးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချိရို မာရူယာမာ နှင့်အတူ သံမှူးကြီး မစ္စတာ ကာဇူယူကီ တာကာမီ တို့တက်ရောက်ခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လာမည့်နှစ်များအတွင်း စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်‌ကျော် တို့ တက်ရောက်ခဲ့ကြသည်။