၀န်ကြီးဌာနသတင်းများ

နေပြည်တော် ဇန်နဝါရီ  ၂၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဩစတေးလျနိုင်ငံသံအမတ်ကြီး H.E. Ms. Andrea Faulkner အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ဩစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်လျက်ရှိသည့် ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာကိစ္စရပ်များနှင့် အနာဂတ်တွင် နှစ်နိုင်ငံ ပိုမို ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေး ခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံ အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဩစတြေးလျ နိုင်ငံမှ စွမ်းအင်နှင့် သတ္တုတွင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံစေရေးအတွက်လည်းကောင်း ဆွေးနွေးခဲ့သည်။

 အဆိုပါတွေ့ဆုံမှုသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံ ဆိုင်ရာ ဩစတြေးလျနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် ဩစတြေးလျနိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။