၀န်ကြီးဌာနသတင်းများ




နေပြည်တော်၊ ဇန်နဝါရီ ၂၀

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ရှရိဖ် ဆလာ အယ်လ်ဒင် အဲလစ်သီ အား ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာ-အီဂျစ် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ နည်းပညာနှင့် သက် မွေးပညာကဏ္ဍ၊ ခရီးသွားကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာ ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်။

 

တွေ့ဆုံပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးသန်းအောင်ကျော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။