၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဇွန် ၁၀


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ၌ Video Conferencing စနစ်ဖြင့်တွေ့ဆုံခဲ့ပါသည်။



ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအား ပိုမိုတိုးမြှင့်ဆောင်ရွက် ရေး ကိစ္စရပ်များ၊ COVID-19 ကာလတွင် ကိုရီးယားနိုင်ငံ အစိုးရသာမက ကိုရီးယားအေဂျင်စီများဖြစ်သည့် KOFIH နှင့် KOICA ASEAN- Korea Cooperation Fund (AKCF) ၊ မြန်မာနိုင်ငံတွင်လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် ကိုရီးယား ကုမ္ပဏီများဖြစ်သည့်  POSCO InternationalShinhan Bank, Kookmin Bank SK Energy Hyundai MotorsIndustrial Bank of Korea Lotte Group( Hotel, MGS and L & M Mayson) တို့နှင့်ကိုရီးယားအရပ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Good Neighbors တို့မှ မြန်မာ နိုင်ငံသို့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းများပေးအပ်လှူဒါန်းမှု အခြေအနေများနှင့် Korea Myanmar Industrial Complex (KMIC) ကိုလည်း ယခုနှစ်မကုန်မီတွင်  လုပ်ငန်းများ စတင်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။