၀န်ကြီးဌာနသတင်းများ



နေပြည်တော် ဇန်နဝါရီ ၂၅

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Hai Kyung Jun အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာရသူများ ပြန်လာနိုင်ရေးနှင့် ပြန်လည်နေရာချ ထားရေးအတွက် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းမှုများတွင် UNHCR ကပံ့ပိုး ကူညီလျက်ရှိသည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံအစိုးရနှင့် UNHCR တို့အကြား COVID-19 အလွန် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ အပေါ် ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများနှင့် UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယကိုယ်စားလှယ် Ms. Yukiko Iriyama တို့ တက်ရောက်ခဲ့ကြသည်။