၀န်ကြီးဌာနသတင်းများ


နေပြည်တော်၊ ဇန်နဝါရီ ၂၀

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ သောမတ်စ် လာ့ဇ်လို ဗိုင်ဒါ အား ယနေ့နံနက် ၁၁:၃၀ နာရီတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား လူမှု-စီးပွားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် US Agency for International Development (USAID) မှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသော ဖွံ့ဖြိုးမှုစီမံကိန်းများနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု များ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။