သတင်းများ


နေပြည်တော်၊ မေ ၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး သည် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေး ဟိဒဲအို ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် လည်း ပါဝင်တက်ရောက်ခဲ့သည်။