သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်များ ဖန်တီးပေးရေးအတွက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိဖြစ်ပေါ်နေသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရေးတို့အတွက် CMP လုပ်ငန်းရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပွဲအား ယနေ့နံနက် (၀၉း၃၀) အချိန်မှ (၁၂:၁၅) အချိန်ထိရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဌကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးလုပ်ငန်းကော်မတီအတွင်းရေးမှူးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခေတ္တညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းမှ ကိုယ်စားလှယ်များနှင့် နိုင်ငံခြားသား CMP လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများ တက်‌ရောက်ကြပါသည်။

            ရှေးဦးစွာရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ကအဖွင့်အမှာစကားပြောကြားရာ၌CMP ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများ လွယ်ကူချောမွေ့စွာ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သည့် ကိစ္စရပ်များ၊ CMP စီးပွားရေးလုပ်ငန်းစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတို့အကြား ပူးပေါင်းဆောင်ရွက်မှု မြင့်တင်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် ပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

            ဆွေးနွေးမှုများအပေါ် တက်ရောက်လာကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အလုပ် သမား ညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ပေါင်းစပ်ညှိနှိုင်းဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။