သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည်ဗန်ကောက်မြို့အခြေစိုက်ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ အာရှဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathurနှင့်အဖွဲ့ကို ယနေ့နံနက်၁၀နာရီတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီး ဌာနအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

        တွေ့ဆုံရာတွင် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးနှင့် မြန်မာနိုင်ငံအကြား လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် ‌ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

        တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။