၀န်ကြီးဌာနသတင်းများ



၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀-၂၂၊ နေပြည်တော်

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ Video Conference စနစ်ဖြင့် ကျင်းပသည့် ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (UNESCAP) ၏ Third Session of the Committee on Macroecon- omic Policy, Poverty Reduction and Financing for Development သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ သည်။

အစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် Country Statement ပြောကြားခြင်း အစီအစဉ်၌ မြန်မာနိုင်ငံကိုယ်စား ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင် က ပါဝင်ပြောကြားခဲ့ပါ သည်။ ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါသက်ရောက်မှုများမှ လျော့ပါးသက်သာစေရန် အစီအမံများစွာကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ကြောင့် စီးပွားရေး သက်ရောက်မှုများကို ကုစားရန်အတွက် ကာလလတ် မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ကောင်းမွန်လာရေး စီမံချက် (Myanmar Economic Recovery Plan-MERP) ကို အပြီးသတ် ပြုစုလျက်ရှိပြီး မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံချက်တွင် စီးပွား ရေး ပြန်လည်ဦးမော့စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များအား အတိုးနှုန်း သက်သာ သည့် ချေးငွေများ ထုတ်ချေးခြင်း၊ အဓိကပို့ကုန်ချေးငွေများ ထုတ်ချေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ထုံးလုပ်နည်းများ လွယ်ကူ ချောမွေ့စေခြင်း၊ ယုံကြည်စွာဖြင့် အားကိုးစေနိုင်မည့် Online ဘဏ်စနစ်များ အသုံးပြုမှုကို အားပေးခြင်းနှင့် Digital Economy ကို အားပေးမည့် လုပ်ငန်းများပါဝင်ကြောင်း၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေး မြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက် ဒစ်ဂျစ်တယ်နည်းပညာသည် အဓိကကျပါကြောင်း၊ နည်းပညာ၊ တီထွင်ဆန်းသစ်မှုနှင့် ဒစ်ဂျစ်တယ် စီးပွားရေးကို တိုးမြှင့်နိုင်ရန် အတွက် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မည်သူမျှ နောက်ကျကျန်ရစ်မနေစေရန် လုပ်ဆောင်ရမည် ဖြစ်ပြီး အချင်း ချင်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်းအဖွဲ့အစည်းများ၊ အစိုးရများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးကို အောက်တိုဘာလ ၂၂ ရက်နေ့ထိ ဆက်လက် ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးတွင် ဒဏ်ခံနိုင်စွမ်းရှိသော စဉ်ဆက်မပြတ် စီးပွားရေး ပြန်လည်ဦးမော့ရေးဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးအတွက် စွမ်းဆောင်ရည်မြှင့် တင်ရေးကိစ္စရပ်များ၊ SDGs ကို ပံ့ပိုးပေးနိုင်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်ဘဏ္ဍာရေးဆိုင်ရာ အစီအမံများ၊ ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး အကြံပြုချက်နှင့် ကိုဗစ်-၁၉ ရောဂါကို တုံ့ပြန်ဆောင်ရွက်ရန်အတွက် ၂၀၂၀ ပြည့် နှစ်နှင့် ၂၀၂၁ ခုနှစ် တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများအား ပြန်လည် သုံးသပ်ခြင်း စသည်တို့ကို ဆွေးနွေးကြမည် ဖြစ်ပါသည်။

အစည်းအဝေးသို့ UNESCAP အဖွဲ့ဝင်နိုင်ငံများ၊ တွဲဖက်အဖွဲ့ဝင်နိုင်ငံများ၊ အလှူရှင်နိုင်ငံ များနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း  ၁၅၀ ဦး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့သည်။