သတင်းများ


နေပြည်တော်၊ နိုဝင်ဘာလ ၁၆ ရက်

အာဆီယံ−ကိုရီးယားစက်မှုတီထွင်ဆန်းသစ်မှုစင်တာ နားလည်မှုစာချွန်လွှာ ASEAN –Korea Industrial Innovation Center(AKIIC) MoU ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုး နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေး ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာဝါဝါမောင် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ပါသည်။ 

အစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က အာဆီယံ−ကိုရီးယားစက်မှုတီထွင် ဆန်းသစ်မှု စင်တာနားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြခဲ့ပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များနှင့် စပ်လျဉ်း၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ ကိုယ်စားလှယ် များနှင့် ညှိနှိုင်း ဆွေးနွေးခဲ့သည်။