သတင်းများ



နေပြည်တော်၊ မေလ ၁၃ ရက်
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ Video Conferencing ဖြင့် ကျင်းပခဲ့ပါသည်။
 အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊  အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက လုပ်ငန်းကော်မတီမှ စီးပွားရေးလုပ်ငန်း အသီးသီးသို့ ချေးငွေထုတ်ပေးခဲ့ခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ချေးငွေရယူထားသူများက ပြန်လည်ပေးဆပ်နေမှု အခြေအနေများ၊ ဝဥစိုက်ပျိုးထုတ်လုပ်သူများအတွက် ချေးငွေထုတ်ပေး ရေး ချင်းပြည်နယ်အစိုးရက တင်ပြလာမှုအပေါ် ချေးငွေထုတ်ပေးမည့်အစီအစဉ်၊ အခြား ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ  နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။