သတင်းများ

၂၀၂ ခုနှစ် ၊ ဩဂုတ်လ ၁က်မှ ၁၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ကျင်းပသည့် (၄) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (42nd Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI) အစည်းအဝေးသို့ ရင်းနှီး မြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွှန့် ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ၂၀၂၂ ခုနှစ်အတွင်း  ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွား ရေးဆိုင်ရာလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း(အေအီးစီ) လမ်းပြမြေပုံ ၂၀၂၅ ကာလလယ် သုံးသပ်ချက်၏ အကြံပြုချက်များ အကောင်အထည်ဖော်မှု အခြေအနေ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲမှု၊ ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်နေသည့်  အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework ACRF) အကောင် အထည်ဖော်မှု၊ ကာဗွန်‌လျှော့ချရေးဆိုင်ရာ အာဆီယံဗျူဟာ ရေးဆွဲနိုင်ရေးအတွက် ဆောင်ရွက် မှုများ၊ စတုတ္ထစက်မှုအသွင်ပြောင်းလဲမှုဆိုင်ရာ ပေါင်းစည်းမှု မဟာဗျူဟာကို အကောင်အထည် ဖော်မည့်အစီအစဉ်၊  အာဆီယံစီးပွားရေးအသိုက်အဝန်း Circular Economy မူဘောင် အကောင်အထည်ဖော်မည့်လုပ်ငန်းအစီအစဉ်၊ အာဆီယံစီးပွားရေး ပြန်လည်ထူထောင်မှုအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အစီအစဉ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး ပေါင်းစည်မှု ဆိုင်ရာ ဘင်ဂါဆရီဘီဂါဝမ် လမ်းပြမြေပုံ အကောင်အထည်မှု ၊ အာဆီယံအပေါင်း လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များတွင် ပါဝင်မည့် နယ်ပယ်သစ်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်နည်းလမ်းများ၊ ၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့် အင်ဒိုနီးရှားနိုင်ငံ၏ ကြိုတင်ဆောင်ရွက်ချက်များ နှင့်   (၅၄) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ တင်ပြမည့် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာအပေါ် ညှိနှိုင်းဆွေးနွေးကြပါသည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဒုတိယဝန်ကြီး  H.E  Edi Prio Pambudi က အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှတာဝန်ရှိသူများပါဝင်တက်ရောက်ကြပါသည်။