သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဖွံ့ဖြိုးမှု ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးရုံး၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David McLachlan-Karr နှင့်အဖွဲ့ကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

          တွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံဆိုင်ရာ အစီအစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။