သတင်းများ

       ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ နံနက် ၁၁:၀၀ အချိန်တွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ မေတ္တာရိပ်မြုံလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးသို့ လာရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး ရုံးပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။  အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ၂၀၂၂ ခုနှစ်၊ ဧပြီလ မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ စစ်ကိုင်း တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီမှတ်ပုံတင် လုပ်ငန်းများ တိုးမြှင့်လာစေရန်၊ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ထူထောင်ပေးရန်၊ တတ်စွမ်း သလောက် ပညာပေးရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်၊ ဝန်ထမ်း များ၏ လုံခြုံရေး၊ ရုံးလုံခြုံရေးနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးနှင့်ပတ်သက်၍ အလေးပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် မုံရွာစီးပွားရေးတက္ကသိုလ်သို့ သွားရောက်ပြီး ပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများအားတွေ့ဆုံပြီး မုံရွာစီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်သည့် လုပ်ငန်းသုံးစီးပွားရေးပညာ မဟာဘွဲ့များနှင့် ဒေသစီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီလုပ်ငန်းများ ဖွံ့ဖြိုးရေးကို ဆက်စပ်သင်ကြားပေးရေး ဆွေးနွေးခဲ့ပါသည်။