သတင်းများ

(၄၅) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (45th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI) အစည်းအဝေးကို လာအိုနိုင်ငံ၊ ဘန်ဘင်းမြို့တွင် ၂၀၂ခုနှစ်၊ ဖေဖော်ဝါရီ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးကို လာအိုနိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး  H.E  Dr. Manothong Vongsay က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီးပွားရေး ပေါင်းစည်းမှု နှင့် ဆက်သွယ်မှု၊ အားလုံးပါဝင်စေရေးနှင့် ရေရှည်တည်တံ့သော အနာဂတ်၊ ဒီဂျစ်တယ်သို့ အသွင် ကူးပြောင်းခြင်းစသည့် မဟာဗျူဟာ လုပ်ငန်းစဉ် (၃) ရပ်အောက်တွင် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ် (၁၄) ရပ်တို့ကိုဆွေးနွေးခြင်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်းလမ်းပြမြေပုံ - ၂၀၂၅ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ပြန်လည်သုံးသပ်ခြင်း၊ ဆောင်ရွက် ရန်ရှိသည်များကို အပြီးသတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်- ၂၀၄၅ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုချက်များ ဆွေးနွေးခြင်းနှင့် ၂၀၂၄ ခုနှစ် ၊ မတ်လ ၈ ရက်မှ ၉ ရက်နေ့ အထိ ကျင်းပမည့်အကြိမ် (၃၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တင်ပြမည့်အကြံပြုချက်များအား ဆွေးနွေးခဲ့ကြသည်။ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့က အာဆီယံ စီးပွားရေးမဏ္ဍိုင်၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ (AEC Eminent Persons)၊ အာဆီယံ၏ ပါလီမာန် ကိုယ်စားလှယ်များ (ASEAN Inter -Parliamentary Assembly- AIPA  ) နှင့် မျက်နှာ စုံညီတွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။