သတင်းများ

 ၂၀၂၄ ခုနှစ်၊ဇူလိုင် ၂ ရက်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Sanjay Mathur နှင့်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရက်နေ့တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် () လက်ခံ တွေ့ဆုံခဲ့ပါသည်။

           ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) တို့အကြား လက်ရှိဆောင်ရွက်နေသည့်ကိစ္စရပ်များနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

           တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် UNOPS မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။