သတင်းများ

 ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန် စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျှက်ရှိကြ သည်။

           နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာ၊ ဂရုဏာအပြည့်ဖြင့် စုပေါင်း၍ ကိုယ်တိုင်ချက်ပြုတ် ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများကို ရှေ့တန်းမြေသို့ ပေးပို့လှူဒါန်းနိုင်ရေး စိတ်အားထက်သန်စွာ ပြင်ဆင်ဆောင်ရွက်လျှက်ရှိရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လိုက်လံကြည့်ရှုအားပေးသည်။

           ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးပိကြော် ၂၂၈ ထုပ်၊ ငါးခြောက်ကြော် ၂၂၂ ထုပ်၊ ကော်ဖီမစ် ၂၁၀ ထုပ်၊ ရွှေဖီဦးတီးမစ် ၂၁၀ ထုပ်၊ ဆေးပေါ့လိပ် ၂၀၀၀ လိပ်၊ ခေါက်ဆွဲခြောက် ၂၁၀ ထုပ်၊ အသင့်စားလက်ဖက် ၂၁၀ ထုပ်၊ ငပိထောင်း ၂၀၀ ဗူး၊ ကွက်ကီး ၂၀၀ ထုပ်၊ ဝေဖာ ၂၀၀ ထုပ်၊ Royal-D ဓာတ်ဆား ၂၀၀ ထုပ် စုစုပေါင်း အစားအသောက် ၁၁ မျိုးကို လှူဒါန်းသည်။

           ထို့အပြင် နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများ အတွက် စိတ်ဓာတ်ခွန်အား နိုးကြားတက်ကြွစေရန် “ကျန်းမာပါစေ၊ ဘေးအန္တရာယ် ကင်းပါစေ၊ တရားသောစစ် အောင်မြင်ပါစေ” ဆုတောင်းမေတ္တာစာလွှာများလည်း ထည့်သွင်းပေးပို့ကြသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ က စားသောက်ဖွယ်ရာ ၁၁ မျိုးအတွက် တန်ဖိုးငွေကျပ် ၁၈ သိန်းနှင့် ငွေသားကျပ် ၅၂ သိန်း စုစုပေါင်း တန်ဖိုးငွေကျပ် သိန်း ၇၀ ကို လှူဒါန်းသည်။